မော်လမြိုင်မြို့နယ်အတွင်း သောက်သုံးရေ ပြတ်လပ်သည့် ရပ်ကွက်/ ကျေးရွာများသို့ မီးသတ်ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များက သောက်သုံးရေများ လှူဒါန်းပေး

မော်လမြိုင် ဧပြီ  ၂၆

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပူပြင်းခြောက်သွေ့သော နွေရာသီတွင်‌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် မီးသတ်ဦးစီးဌာနနှင့် ဘိုဘို၀င်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဦးဆောင်ပြီး ရပ်ကွက်/ ကျေးရွာရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့သောက်သုံးရေများကို လိုက်လံ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များက  ရေသယ်ယာဉ်များဖြင့်ရွှေမြိုင်သီရိ မြောက်ကွင်းဘုန်းတော်ကြီးကျောင်းတွင် ရေဂါလံ ၁၆၀၀ ရွှေမြိုင်သီရိ ရပ်ကွက်နှင့်သာယာအေးရပ်ကွက်ရှိ ရေရှားပါးသည့်နေရာများသို့ ရေဂါလံ ၆၄၀၀ ဘိုဘို၀င်း လူမှုကယ်ဆယ်ရေး အဖွဲ့များမှတောင်ဝိုင်းတောင်ပေါ်မဟာ စည်ရိပ်သာကျောင်းအတွက် ရေဂါလံ ၁၆၀၀ သာယာအေးရပ်ကွက်  အများသုံးရေကန်အတွက် ရေဂါလံ ၈၀၀ ရပ်ကွက်ပြည်သူများအတွက် ရေဂါလံ ၈၀၀ နှင့်စမ်းကြီးအင်ဝိုင်းရပ် ရပ်ကွက် နေပြည်သူများအတွက် ရေဂါလံ ၈၀၀ တို့ကိုရေသယ် ယာဉ်များဖြင့် ရပ်ကွက်/ ကျေးရွာရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ရေရှားပါးသော အခြားကျေးရွာ/ ရပ်ကွက်များသို့လည်း ဆက်လက်၍ အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ ဆက်)