ကျိုက်ထို ဧပြီ ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁၂ နာရီခွဲတွင် မြစိမ်းရောင် စီမံကိန်းကျေးရွာဖွံ့တိုးတက်ရေး လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြိုနယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကိုမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမြတ်သူနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ် ဦးစီးမှူး ဒေါ်ခင်ဇော်လတ်တို့မှ မြစိမ်းရောင်စီမံကိန်းတွင် ပါဝင်သည့် ကျေးရွာ(၂၀)တို့၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာမှ တာဝန်ခံများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)