သံဖြူဇရပ်မြို့အလက(ခွဲ)ကြာကန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ)ကြာကန်ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။