၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့အတွက် ပထမနှစ်သင်တန်းသားများစိစစ်ရွေးချယ်ရေးစာမေးပွဲ ဖြေဆိုနေမှုကြည့်ရှုအားပေး
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့အတွက် ပထမနှစ်သင်တန်းသားများစိစစ်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်ပညာရေးမှူးရုံး သုံးထပ်ဆောင်ခန်းမ၌ ကျင်းပသည်။