ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြင့်ပွဲအခမ်းအနားကျင်းပ

ပေါင် စက်တင်ဘာ ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က) ပေါင် ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာပန်းခင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က ကျောင်းသား/ ကျောင်းသူများကို ကျောင်းစာတစ်ခုတည်းကိုသာ သင်ကြားပေးနေတာမဟုတ်ဘဲ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသ သက်မွေးဘက်စုံပညာရေးဆိုပြီး ဘက်စုံထူးချွန်သော သားကောင်း၊ သမီးမွန်များ ပေါ်ထွန်းလာရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း KG+12. အစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိပြီးယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ အခြေခံပညာအဆင့်အားလုံးပြီးမြောက်ပြီး ဆရာ/ ဆရာမများ အားလုံးအနေနဲ့ ဘက်စုံထူးချွန်ပြီး စာတော်သော ကျောင်းသား/ ကျောင်းသူများ ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးရန်၊ ကျောင်းသား/ ကျောင်းသူများအားလုံး ကျောင်းစာကို အလေးအနက်ထားပြီး ကြိုးစားဖို့လိုသလို ဘက်စုံထူးချွန်အောင်လည်း ကြိုးစားကြစေရန် ဆရာ/ ဆရာမများကလည်း ကျောင်းသား/ ကျောင်းသူများကို အလေးအနက်ထားပြီး သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကျေးဇူးတင်စကားပြောကြား၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဂုဏ်ထူးရရှိသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်း အောင်ချက် ၆၀% အောင်မြင်ခဲ့ပြီး ခြောက်ဘာသာ(၁)ဦး၊ ငါးဘာသာ (၆)ဦး၊ လေးဘာသာ (၁)ဦး၊ သုံးဘာသာ (၄)ဦး၊ နှစ်ဘာသာ(၈)ဦး၊ တစ်ဘာသာ (၂၈) ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၄၈) ဦးနှင့် ထူးချွန်စွာသင်ကြားပြသပေးခဲ့သော ဆရာ၊ ဆရာမ (၁၄) ဦးတို့အား ဆုများအသီးသီးချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြို့နယ်ဌာနဆိုင်ရာ များ၊ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ သရုပ်ဖော်အကများဖြင့် သီဆိုဖျော်ဖြေတင်ဆက်နေမှုများကို မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)