မုဒုံမြို့ စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရပျိုးပင် ၃၅၀၀၀ ပျိုးထောင်ထားရှိ
မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနသည် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် အရိပ်ရပျိုးပင်ပေါင်း ၃၅၀၀၀ ကို ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးဖြန့်ဖြူးပေးနိုင်ရန် တာပသွန် (အမြဲတမ်း) ပျိုးဥယျာဥ်ခြံ၌ ပျိုးထောင်ထားရှိသည်။