ကျိုက်မရောမေ ၁၈
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူးကျင်းပခဲ့သည့် (၇၅) ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ်၊ ၃၈ ဖြာမင်္ဂလာ တရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင် မြင်ခဲ့ကြသော ကျိုက်မရောမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၁၇ ရက်နေ့ မွန်းလွဲ၁နာရီက ရသေ့ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို နမော်တဿ (၃) ကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပေးပြီး ငပြေမ ဆရာတော် ငါးပါးသီလ ချီးမြှင့်၍ ပြည်နယ် (YMBA) အသင်းဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးကြည်သိန်းမှ အဖွင့်အမှာစကားပြော ကြားသည်။
ယင်းနောက် မြို့နယ် YMBA အသင်းဥက္ကဋ္ဌ ဦးအေးအောင်မှ အမျိုးဘာသာသာသနာ ပညာဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနားကို စိရံတိဌတု (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)