ရေးမြို့နယ်အတွင်း တရားမဝင် ဆင်းကတ် (SIM Card) များ နှင့် တရားမဝင် စလောင်းစက်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရေး မေ ၁၇

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်း တရားမဝင်ဆင်းကတ် (SIM Card ) များ ရောင်းချမှုမရှိစေရေးနှင့် နိုင်ငံတော်သို့ အခွန်ငွေပေးသွင်းထားမှုမရှိသော တရားမဝင် (PSI & IPM) စလောင်းစက်များ ရောင်းချမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ရေးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့်၊ ရေးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌ ဗိုလ်မှူး အေးမင်းကျော်၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မိုးစန္ဒာရွှေ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အော်တို) တာဝန်ခံ ဦးဆန်းနိုင်၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ ဦးစောသာခူးညောနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ရပ်ကွက်နှင့် မြသီတာစျေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော မိုဘိုင်းဖုန်းဆိုင်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်ဆင်းကတ် (SIM Card ) များနှင့် တရားမဝင်စလောင်းစက်များ ရောင်းချခြင်းမပြုကြရန် သတိပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)