သံဖြူဇရပ်၌ ၂၀၂၅ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင်စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ နန္ဒဝန်ကျောင်းတိုက်ကြီးတွင် ကျင်းပ ပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သံဖြူဇရပ်မြို့နယ်စာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော စာဖြေသံဃာတော်များ၏ စူဠဘွဲ့နှင်းသဘင်ဆုပေးပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။