သထုံ ဇွန် ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ဇွန်လ (၁၃) ရက်နေ့ နံနက်ပိုင်းက သထုံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်တိုက်နယ် ကျန်းမာရေးဌာနတို့၌ ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းဦး၊ ခရိုင်ကျန်းမာရေးမှူး ဦးစိုးအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ထပ်ဆောင်းထိုးနှံကြမည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ထိုးနှံရာတွင် မြိုနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်