ချောင်းဆုံ ဇွန် ၁၄
ချောင်းဆုံမြို့နယ်တွင် အရွယ်မတိုင်ခင် ကလေးသူငယ်များ လုပ်ငန်းခွင်သို့ရောက်ရှိမှုမရှိစေရေးအတွက် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နေ့နံနက်က ချောင်းဆုံမြို့နယ် အ.ထ.က(ကွမ်သဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန ဦီးစီးအရာရှိ ဒေါ်မိသူဇာက ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်အိအိချောက ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားနှင့်အလုပ်ချိန်ကန့်သတ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ ဟောပြောခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)