ရေးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေး
မွန်ပြည်နယ်၊ ရေးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၉ ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ ၁၇ ရက်နေ့အထိ ကျေးရွာအုပ်စု ၁၃ အုပ်စုမှ တောင်သူ ၁၉၈ ဦးတို့၏ စိုက်ဧက ၁၂၀၅ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်း ၁၈၀၇ ဒသမ ၅၀ ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။