ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ ၂၈ ဦးစစ်ဆေးရာမှာ ရောဂါပိုး ရှိသူ ၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ထန်တလန် ဇူလိုင် ၁
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ အရေးပေါ် တုံ့ပြန်ရေး နှင့်ထိန်းချုပ်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက် ၈နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၂၈)ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၅)ဦးထံမှ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး ရှိသူ လူနာများအား အခြားသူများနှင့် ထိတွေ့မှုမရှိစေဘဲ ၎င်းတို့၏နေအိမ်၌ Home Quarantine ထားရှိကာ ၎င်းနေအိမ်များအား အသွားအလာကန့်သတ်ထားရှိပြီး မိမိတို့ နေအိမ်၌သာ ကျန်းမာရေးစောင့်ရှောက်ဆေး ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထန်တလန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းကို ဇွန်လ (၁၇)ရက်နေ့မှ ယနေ့ ဇူလိုင် ၁ ရက်နေ့အထိ သံသယရှိသူ(၁၈၁)ဦးစ