ထန်တလန် ဇူလိုင် ၁
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ထန်တလန်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိဒေါ်ခင်အေးသက်က ထန်တလန်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်အတွင်း ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်နိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် ထန်တလန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်း အောင်နှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်အေးသက်တို့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ငွေများကိုတစ်ဦးခြင်း လွှဲပြောင်းပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေမှာ ၂၀၂၀ - ၂၀၂၁ခု ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ဖြစ်သည့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့်မတ်လများအတွက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ထန်တလန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား (၂၉၁)ဦးအတွက် ငွေကျပ်(၈၇၃၀၀၀၀) လူမှုရေးပင်စင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း ထန်တလန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်အေးသက်ထံမှသိရသည်။
လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲသို့ ထန်တလန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း ဦးစီး ဌာနမှ ဝန်ထမ်းများ၊မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။