ဟားခါး ဇူလိုင် ၁၇
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များ နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးတို့သည့် ဇူလိုင်လ ၁၇ ရက် ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း Quarantine Centre သို့ သွားရောက်ပြီး လူ (၆၆) ဦး Qurantine ထားရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက် စစ်ဆေးသည်။
ထို့နောက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ပိုးတွေ့လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် အဟာရဖြစ် အစားအစာများဖြစ်သော ကြက်ဥ၊ မားမီးခေါက်ဆွဲခြောက်ထုတ်နှင့် Royal-D အားဖြည့် အချိုရည်ဗူးများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးတို့က ပေးအပ်ရာ ဟားခါးမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရန်နိုင်က လက်ခံရယူသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့ သည် ဟားခါးမြို့ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား လိုအပ်သည်များ မှာကြား ပြီးနောက် ပိုးတွေ့လူနာများကိုလည်း အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဟားခါးမြို့နယ်တွင် မေလ ၁၉ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ပိုးတွေ့လူနာ ( ၂၁၇ ) ဦး ၊ သေဆုံးသူ ( ၅ ) ဦး ၊ ဆေးရုံဆင်းခွင့်ရသူ ( ၁၃၉ ) ဦးရှိပြီး ( ၇၃ ) ဦးမှာ ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)