လိပ်သိုဒေသတွင် တံမြက်စည်းရိုးတံများ၊ အိမ်သုံးတံမြက်စည်းချောများ ချိုးယူပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောတောင်များ၊ ဥယျာဉ်ခြံများ၊ လမ်းဘေးဝဲယာများနှင့် တောင်ယာခင်းများဘေးတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသနေပြည်သူများက ချိုးယူပြီး အစိုအတိုင်း ရောင်းချခြင်း၊ တံမြက်စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိလျက်ရှိနေကြောင်း သိရသည်။