ကရင်ပြည်နယ်

ကော့ကရိတ်မြို့၌ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့မ‌ဈေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် သဘာဝအတိုင်း ပေါက်ရောက်သည့် လာကုတီဉများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော  နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် ရာသီထွက်သီးနှံများ ရှာပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် သဘာအတိုင်းပေါက်ရောက်လျက်ရှိသော လာကုတီဉများ ခုတ်ယူရောင်းချရာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့၊ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီ အချိန်က သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို ကရင်ပြည်နယ်အတွင်းရှိ လှိုင်းဘွဲမြို့၊ ကမမောင်းမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

မြဝတီမြို့ အခြေခံပညာကျောင်းများ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြော

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတို့၌ ဆောင်ရွက်သည်။

မြဝတီမြို့၌  ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေး

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ   ပြည်သူများအနေဖြင့်    ပြည်သူ့စစ်မှုထမ်းဥပဒေ၊  နည်းဥပဒေများနှင့်စပ်လျဉ်း၍ သိရှိနိုင်စေရန်အတွက် ရှင်းလင်းဆွေးနွေးပွဲကို  ဖေဖော်ဝါရီ ၁၀ ရက်က  အမှတ်(၁) ရပ်ကွက်၊ စနေဆွမ်းလောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

လိပ်သိုဒေသခံများ တောင်ပေါ်ချင်းတက်များကို တိုးချဲ့စိုက်ပျိုးလာခြင်းဖြင့် အပိုဝင်ငွေများရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံတောင်သူအချို့မှာ တောင်ပေါ်ချင်းတက်များကို တိုးချဲ့စိုက်ပျိုးလာခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုမြို့တွင် (၂၅)ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော်ကြီး ကျင်းပ

တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့၌ (၂၅) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော်ကြီးကို မယ်တော်ဂူ ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊  မြဝတီခရိုင်  လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ  မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်  ၉  နာရီက အမှတ်(၄) ရပ်ကွက်၊ ပညာရွှေဖူးကိုယ်ပိုင် အလယ်တန်းကျောင်း၌  ကျင်းပခဲ့သည်။

မြဝတီခရိုင်၌ (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   ရဲရင့်ယဉ်ကျေး လိမ္မာဓမ္မစကူးလ်သင်တန်းတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသိရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
Subscribe to ကရင်ပြည်နယ်