ကမမောင်း ဇွန် ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဖာပွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ဖာပွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးမင်းက အမှာစကားပြောကြားသည်။ ထို့နောက် ဖာပွန်ခရိုင် ရွေးကောက်ပွဲအရာရှိမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)မဲပေးစက်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပြီး တတ်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများနှင့် ဧည့်သည်တော်များမှ စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ဖာပွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကမမောင်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့် ရပ်မိရပ်ဖပြည်သူများ၊ သင်တန်းသူ၊ သင်တန်းသားများ တတ်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။
မြို့နယ် (ပြန်/ဆက်)