ကရင်ပြည်နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်

ဘားအံ ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမတီတာအထက် ရောက်ရှိလာပြီးဖြစ်သည့်အတွက် မြေနိမ့်ပိုင်းနေရာများတွင်နေထိုင်ကြသည့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်အား လိုက်လံနှိုးဆော်ခဲ့ကြသည်။

ထိုသို့ နှိုးဆော်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးဌာန ဝန်ထမ်းများက အမှတ်(၁)၊(၂)၊(၅)၊ (၉)ရပ်ကွက်များ၌ နေထိုင်ကြသည့် မိဘပြည်သူများအား ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်၏ ထုတ်ပြန်ချက်အရ မြစ်ရေကြီးခြင်း သတိပေးချက်နှိုးဆော်မှုအား ရပ်ကွက်အလိုက် လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)