သံတောင်ကြီး ဩဂုတ် ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မင်းကွတ်သီးပင်များကို နှစ်ရှည်ခံပင်များ နှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ မင်းကွတ်ပင်များသည် စိုက်ပျိုးပြီး (၉)နှစ်ခန့်တွင် အသီးများ စတင်သီးပြီး မိုးဦးကာလဖြစ်သော မေလမှ သြဂုတ်လအထိ အသီးသီးကာ အပင်ငယ်တစ်ပင်လျှင် အသီးအလုံးရေ (၁၀၀ မှ ၃၀၀)လုံးအထိလည်းကောင်း၊ အပင်ကြီး တစ်ပင်လျှင် အသီးအလုံးရေ (၄၀၀ မှ၈၀၀) လုံးအထိ အသီးရှိသည်။ သံတောင်ကြီးဒေသထွက်မင်းကွတ်သီးများယခု လှိုင်လှိုင်ထွက်ရှိချိန်တွင်ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်းသိရသည်။
အဆိုပါ ဒေသခံပြည်သူများသည် မင်းကွမ်းသီးများကိုမြို့ပေါ်တွင် ရောင်းချသည်သာမက တောင်ငူမြို့ ရှိအသီးအနှံအဝယ်ဒိုင်များထံတွင် ရောင်းချလျက်ရှိပြီး ပေါ်ဦးပေါ်ဖျားအချိန်တွင် အရွယ်အစားပေါ်မူတည်၍ မင်းကွမ်းသီးတစ်လုံးကိုစေျနှုန်း ကျပ်(၇၀၀)မှ ကျပ်(၉၀၀)အထိရရှိသော်လည်း ယခုလှိုင်လှိုင်ထွက်ရှိချိန်တွင် ကျပ်(၃၀၀) မှကျပ် (၅၀၀)သာရရှိကြောင်း မင်းကွတ်သီးစိုက်ပျိုး လုပ်ကိုင်သူ ဒေသခံတောင်သူ ဦးမောစီထံက သိရသည်။
နော်နော်မူ