ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့်ဉာဏ်ဏစွမ်းရည်မြှင့်မားစေရေးအတွက် ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုရှိ အ-မ-က ရာခိဘောင်ကျောင်းနှင့် မူ(လွန်)ထန်းတပင်ကျောင်းတို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၇ ရက်နေ့က နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။