မြဝတီမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲများကျင်းပ

မြဝတီ အောက်တိုဘာ

ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာ ၂ ရက်နေ့ နံနက် ၉ နာရီက၂၀၂၅-၂၀၂၆ ပညာသင်နှစ်အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအလယ်တန်းအဆင့်အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင်  မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အဖွင့်အမှာစကားနှင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ အလယ်တန်းအဆင့်အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ များအား ဆက်လက်ယှဥ်ပြိုင်ခဲ့ကြရာအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် မြဝတီမြို့ရှိ အလယ်တန်းအဆင့် ကျောင်းသား(၅၀)ဦး၊ ကျောင်းသူ (၆၈)ဦး စုစုပေါင်း(၁၁၈)ဦးတို့က လည်းကောင်း၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် မြဝတီမြို့ရှိ အလယ်တန်းအဆင့်ကျောင်းသား (၆၂)ဦး၊ မ (၇၁)ဦး စုစုပေါင်း (၁၃၃)တို့ကလည်းကောင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ  မြို့နယ်ပညာရေးမှူး ဦးမိုးကျော် ဦးဆောင်၍ ဆရာ/ဆရာမများက ကြီး ကြပ်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)