သံတောင်ကြီး အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူများအား (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်းသိရ သည်။
(HVP) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက် (၉)နှစ်နှင့်(၁၀)နှစ်အတွင်းရှိ ကျောင်းသူများ၏ စာရင်းများမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး စနစ်တကျထိုးနှံပေးပြီး သံတောင်ကြီးမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသူများကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာများအလိုက် စုရပ်များသတ်မှတ်ကာ ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးထံက သိရသည်။
နော်လော်မူ