ဘားအံ အောက်တိုဘာ ၁၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ဘားအံဇုန်အုပ်စုပတ်လည်ပြိုင်ပွဲ ဒုတိယပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် နေပြည်တော်ကောင်စီအသင်းတို့ ယမန်နေ့ညနေ (၃)နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှအားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ဘားအံဇုန်တွင် ကရင်ပြည်နယ်အသင်း၊ နေပြည်တော်ကောင်စီအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ပါဝင်ပြီး ကရင်ပြည်နယ်အသင်းက နေပြည်တော်ကိုကောင်စီအသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ နေပြည်တော်ကောင်စီအသင်းက နှစ်ပွဲကစား နှစ်ပွဲရှုံး၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တစ်ပွဲကစား တစ်ပွဲနိုင် ၃ မှတ်၊ ကရင်ပြည်နယ်အသင်းက တစ်ပွဲကစား တစ်ပွဲနိုင် ၃ မှတ်ရရှိနေပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ရှုံးထွက်ပွဲစဉ်နှင့် ဗိုလ်လုပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)