သံတောင်ကြီး အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်ဝါးပင်များထူထပ်များပြား၍ ရာသီအလိုက် သီးနှံဖြစ်သော နှစ်တို/နှစ်ရှည်သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး တစ်ချို့မှာ ရာသီလိုက်သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော သီးနှံများကို ရှာဖွေလုပ်ကိုင်စားသောက်လျက်ရှိရာ ယခုအချိန်တွင် သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော “၀ဉ” များမှာ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိလျက်ရှိကြောင်းသိရသည်။
ဒေသခံပြည်သူများက သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသော “၀ဉ”များဈေးကောင်းရရှိသည့်အတွက် ယခုနောက်ပိုင်းတွင် မိမိတို့ဉယျာဉ်ခြံမြေများတွင်တစ်ပိုင်တစ်နိုင်စီးပွားအဖြစ် ပြန်လည်စိုက်ပျိုးသူများ ပိုမိုပြားလာကြသည်။ “၀ဉ”များကို တူးဖော်ပြီးအစိုအတိုင်းရောင်းချသူများရှိသည့်နည်းတူ တစ်ချို့မှာ အခြောက်ခံပြီးမှ ပြန်လည်ရောင်းချကြသည်။
အဆိုပါ“၀ဉ”အစိုများကို သံတောင်ကြီးမြို့ရှိ အဝယ်ဒိုင်များတွင် သွားရောက်ရောင်းချကြသည်။ ယခုနှစ် “၀ဉ”အစို တစ်ပိဿာလျှင် ကျပ် (၁၃၀၀)မှ ကျပ်(၁၅၀၀)ထိရရှိပြီးဈေးကောင်းရရှိကြောင်း “၀ဉ”စိုက်ပျိုးလုပ်ကိုင်သူ ဦးစောအယ်တောထံက သိရသည်။
နော်နော်မူ