ကရင်ပြည်နယ်

လိပ်သိုမြို့တွင် ခရစ္စမတ်ပွဲတော် အထူးဆုတောင်းဝတ်ပြုကိုးကွယ်ပွဲတစ်ရပ် ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ခရစ္စမတ်ပွဲတော် အထူးဆုတောင်းဝတ်ပြုကိုးကွယ်ပွဲတစ်ရပ်ကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အ.ထ.ကခွဲ (အောင်မြေရွှေဘုံ)၌ ကျောင်းသားလူငယ်များ စာရိတ္ထပညာတိုးပွားရရှိစေရေး လူငယ်စကားဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ စာပေဖတ်ရှုမှုမှတစ်ဆင့် စဉ်းစားတွေးခေါ်ဉာဏ်စာရိတ္ထပညာ တိုးပွားရရှိစေရေးအတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်၌ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့အဝင် ပန်းခြံရှေ့၌ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီမဟာမင်္ဂလဇောတိက ဦးစောမြင့်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်အား/ကာ ဦးစီးမှူး ဒေါ်မိနန္ဒာမွန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင် ပညာရေးကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသား ကျောင်းပေါင်းစုံ‌ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြို့မ အားကစားကွင်း၌ ကျင်းပခဲ့သည်။

၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် လုမ္ဗိနီဉယျာဉ်အဝင်မုဒ်ဦးမှ ဇွဲကပင်တောင်ခြေလမ်း ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိကဗဟုဇန ဟိတဓရဓမ္မကထိက၊ ဘဒ္ဒန္ဒကဝိဓဇအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး ဆန်၊ ဆီနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ခရစ္စမတ်နေ့ဝတ်ပြုခြင်းအခမ်းအနားနှင့်မိတ်ဆုံစားပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် ခရစ္စမတ်နေ့ဝတ်ပြုခြင်းနှင့်မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ ခရစ္စမတ်နေ့တွင် ဘားအံမြို့၊ ရဲသာရွာသစ်ရှိ မိတ်သဟာရအသင်းတော်၌ ခရစ္စတော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။

မြဝတီမြို့နယ်အတွင်းရှိ သောက်သုံးရေ ဖြန့်ဝေရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် သောက်သုံးရေဖြန့်ဝေပေးသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်အတွက် လစဉ် စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိရာ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော လူငယ်နှင့်ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်