ကရင်ပြည်နယ်

ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲဆုချီးမြှင့်

ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ကမ်းနားလမ်း၊ ညဈေးတန်းနေရာ၌ကျင်းပရာ ဗိုလ်လုပွဲစဉ်များအဖြစ် သံလွင်မြစ်အတွင်း၌ အမျိုးသား/အမျိုးသမီး ငါးတက်လှော် ပြိုင်ပွဲ၊ ခုနှစ်တက်လှော်ပြိုင်ပွဲနှင့် ၂၀ တက်လှော်နဂါးလှေလှော်ပြိုင်ပွဲတို့ကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သိုက်(ကော့ဒါန်)ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ကော့သိုက်ကွင်းနှင့် ကော့ဒါန်ကွင်းတို့ရှိ စိုက်ဧက(၃၀၀)ခန့်အား အကျိုးပြုနိုင်မည့် ကော့သိုက်(ကော့ဒါန်)ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့တွင် ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပ

ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်၏မြို့တော်ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မြဝတီမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကရင်တိုင်းရင်းသားလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ၂၀၂၄ ခုနှစ်၊  ဒီဇင်ဘာ ၃၀ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် ယနေ့နံနက် ၇ နာရီက အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်၊ တရုတ်ဘုံကျောင်းတွင် ကျင်းပသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာတွင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ခရီးသွားများကိုယ်တိုင် လယ်ယာထွန်ယက်စိုက်ပျိုးအပန်းဖြေနိုင်မည့် ကော့ကျိုက်-တော်ပုံ လမ်းမကြီးဘေးက Kawt Ma Yan Resort ပန္နက်တော်တင်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များကိုယ်တိုင် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်မည့် စိုက်ပျိုးရေးကိုအခြေခံသောခရီးစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော Kawt Ma Yan Resort Co.Ltd ၏ Kawt Ma Yan Resort ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက ဘားအံမြို့နယ်၊ ကော့မရမ်းကျေးရွာ ကော့ကျိုက်-တော်ပုံကားလမ်းမကြီးဘေး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထအပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလစတုတ္ထအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းသစ် မုခ်ဦးတည်နေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU-KNLA(PC)၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့မှကိုယ်စားလှယ်များ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
Subscribe to ကရင်ပြည်နယ်