ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် စားဖိုဆောင်ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ဆောင်းဦးရာသီကာလရောက်ပြီဖြစ်၍ မိသားစု အပိုဝင်ငွေရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်ပုံမှန်သတ်မှတ်ရက်အတိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီတွင် စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဆုတောင်းစကားပြောကြား

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံရာ၌ ဆုတောင်းစကားပြောကြားသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပျားရည်စစ်စစ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများပြီး ကျေးရွာများရှိ ဒေသခံပြည်သူအများစုသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်သည် တောတောင်များသို့ သွားရောက်ပြီး ပျားရည်များ ဖွတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

ဘားအံ၌ အခြေခံကင်းထောက်သင်တန်းဖွင့်ပွဲနှင့် အခြေခံပညာအထက်တန်းဆင့် (Grade-12) သင်ကြားမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အခြေခံကင်းထောက်သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။

ကျုံဒိုးမြို့၌ အခြေခံပညာအလယ်တန်း/မူလတန်းအဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်း/မူလတန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီ အချိန်က ကျုံဒိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပရာ ကော့ကရိတ်ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား/ သင်တန်းသူ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူများ၊ ဆရာ/ဆရာမများ၊ ဘာသာရပ်အသီးသီးမှ ပထမနှစ်နှင့်တတိယနှစ် ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်