သံတောင်ကြီး ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ခရစ္စမတ်နေ့ဝတ်ပြုခြင်းနှင့်မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ ဆရာမ ခဲရစ်ပီတာက အဖွင့်ဆုတောင်းပေးပြီး ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်များက ခရစ္စမတ်သီချင်းများ သီဆိုခြင်း၊ ဆရာတော်မူးယွာထူးမှ ဆုတောင်းမေတ္တာပို့သပေးခြင်း၊ ဆရာ စောတောလိုမူးမှ တရားဒေသနာဝေဌပေးခြင်းများ စသည့် ခရစ္စမတ်နေ့ဝတ်ပြုခြင်း ပြုလုပ်ပြီး မိတ်ဆုံစားပွဲကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ညနေ (၆) နာရီအချိန်တွင် ခရစ္စမတ်သီချင်းသီဆိုခြင်း၊ အကပဒေသာများကပြတင်ဆက်ခြင်း၊ ခရစ္စမတ်ပြဇတ်တိုများ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ