ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ်၌  "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လှိုင်းဘွဲမြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ဂေါ်ရခါးသီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအထောက်အကူပြု

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ယခုအခါ ဂေါ်ရခါးသီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသတွင် လက်ဖက်စိုက်ပျိုးသူများပိုမိုများပြားလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  လက်ဖက်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း  တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက် ကိုတစ်နှစ်တာပတ်လုံးအရွက်နုများထွက်ရှိချိန်တွင် လက်ဖက်‌ခြောက်၊ လက်ဖက်စိုများ   ပြုလုပ်ရောင်းချရာတွင် ဈေးကောင်းရရှိသည့်အတွက် ဒေသခံတောင်သူများမှာ  မိမိတို့ ဥယျာဉ် ခြံမြေများ၌  လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်းသိရသည်။

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းမှ မိခင်များနေ့ အစီအစဉ်ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၌ ၂၀၂၅-ခုနှစ် မေလ (၁၁) ရက်နေ့တွင် ကျရောက်သည့် မိခင်များနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် မေလ ၁၂ ရက်နေ့ နံနက် (၁၁)နာရီ အချိန်က မိခင်များနေ့အစီအစဉ်ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန် ဆောင်ရွက်

သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်သည့်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေး၊  ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးကျရောက်သည့်အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့်ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ဒိုင်းပြကျေးရွာအတွင်းရှိ တောင်သူဦးစောဝင်းထူးနှင့် ဒေါ်နန်းနီလာဝင်းတို့၏  လယ်မြေကွင်းအမှတ် (၁၅၄၇) ဒိုင်းပြအောက်ကွင်း၊ ဦးပိုင်အမှတ်- ၉၁/၁ နှင့် ၉၁/၂  ၌ ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ မြတ်ဌေးမောင် ရေးသားသော “မိတ်ကောင်းဆွေကောင်း ရှာဖွေပေါင်းဖော်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး

ဒေသတွင်း သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၌ ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ် သမဝါယမဦးစီးဌာနအတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဟောပြောဆွေးနွေးပွဲကို ကရင်ပြည်နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌  ယမန်နေ့နံနက်ပိုင်းက ကျင်ပပြုလုပ်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်/မြို့နယ် သမဝါယမဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်