လှိုင်းဘွဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်နှင့် လှိုင်းဘွဲချောင်းရေဝင်ရောက်သဖြင့် အခြေခံပညာမူလတန်းကျောင်းများ ခေတ္တယာယီပိတ်

လှိုင်းဘွဲ    ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် လှိုင်းဘွဲမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်(၂)ကျောင်း၊ အခြေခံပညာမူလတန်း(၃)ကျောင်းတို့၏ကျောင်းဝင်းအတွင်းသို့ မြစ်ရေ၊ချောင်းရေများ ဝင်ရောက်မှုကြောင့် ဇူလိုင် (၁၃)ရက်မှစတင်၍   ယာယီပိတ်ထားလျက်ရှိကြောင်းသိရှိရသည်။

သံလွင်မြစ်ရေ နှင့် လှိုင်းဘွဲချောင်းရေများ  လူနေရပ်ကွက်နှင့် စာသင်ကျောင်းဝင်းများအတွင်းသို့  ရေအနက်  ၂ပေ မှ ၄ ပေ ခန့်အထိ  ဝင်ရောက်ခဲ့သဖြင့်  အခြေခံပညာ   မူလတန်းလွန်နှင့်အခြေခံပညာမူလတန်းကျောင်း  စုစုပေါင်း(၅)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၆၂)ဦးတို့အား အန္တရာယ်မဖြစ်စေရေးတို့အတွက် ကျောင်းများကို ယာယီပိတ်ခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

စောဒိ(ပြန်/ဆက်)