ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုချောင်းရေမြင့်တက်

ဥတ္တရသီရိ ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေမြင့်တက်မှုကြောင့် တောင်ညိုချောင်းရေမြင့်တက်လာကာ ယမန်နေ့ည ၉ နာရီအချိန်တွင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ညိုကျေးရွာအုပ်စု၊ တက်ရှိန်း‌ကျေးရွာအုပ်စု၊ သရက်တော‌ကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာအုပ်စု၊ မောင်ရမ်းကျေးရွာအုပ်စုနှင့် ဇလောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက် ၄ နာရီအချိန်တွင် ရေပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

အလားတူ ဥတ္တရသီရိရပ်ကွက်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ နတ်တံခါးချောင်းနှင့် စက်စက်ယိုချောင်းတို့မှ ရေများလျှံတက်၍ ရပ်ကွက်အတွင်းသို့ ရေများ၀င်ရောက်ခဲ့ရာ နံနက် ၂ နာရီအချိန်ခန့်တွင် ရေများပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

အောင်မျိုးဝင်း (ပြန်/ဆက်)