အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ဖွံ့ဖြိုးရေး၊ သန့်ရှင်းသာယာလှရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အေးမြကြည်လင်ဈေးပတ်လမ်းအား ကတ္တရာထပ်ပိုးလွှာ ခင်းပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း  သိရသည်။  
Sep 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အမြင်သစ်စာကြည့်တိုက် မင်္ဂလာပန္နက်တင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီ (၄၅) မိနစ်က မြို့သစ်(ဂ)ရပ်ကွက်ရှိ အမြင်သစ်စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းများ၏ စီမံကိန်းအတိုးရငွေ (၅၀%) ဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Sep 01,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံဌာနခွဲရှိ မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ်(RS) စပါးစိုက်ခင်းများ၌ ယနေ့နံနက်ပိုင်းက မြေသြဇာကြဲပက်ခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
Sep 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အမှတ် (၅) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင်(၆၀x၃၀)ပေ စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 01,2024
လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၌ ရပ်ရွာအ​ခြေပြု မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ည​နေပိုင်းက ကျင်းပခဲ့​ကြောင်း သိရသည်။  
Sep 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အ‌ခြေခံပညာကျောင်းပေါင်းစုံအသက် (၁၄) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မြို့မအားကစားတွင် ယမန်နေ့နံနက် ၈နာရီက  ကျင်းပသည်။