Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်မြို့နယ်၌ မြို့နယ်အားကစားကော်မတီနှင့် မြို့နယ်ဘောလုံးဝါသနာရှင်တို့ပူးပေါင်း၍ အသက်(၁၄)နှစ်အောက် လူငယ်ဖလား အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပ
Sep 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်အား/ကာကော်မတီနှင့် မြို့နယ်ဘောလုံးဝါသနာရှင်တို့ ပူးပေါင်းကျင်းပသည့် အသက်(၁၄)နှစ်အောက် လူငယ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက လှိုင်မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်
Sep 04,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လှိုင်မြရှင်အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွေ့နေထိုင်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 04,2024
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းသာသနာရေးဦးစီးမှူး၊ ခရိုင်လမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ၊ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသခွဲရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသခွဲ(၃)မှ ဦးစီးဌာနမှူးတို့ပါဝင်သောအဖွဲ့သည် ရွှေတောင်မြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ စကားမြားကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျ၍ ပတ္တမြားဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွေ့နေထိုင်မှုအခြေအနေ၊ ပြောင်းရွေ့ရာတွင် ကုန်ကျမည့်အခြေအနေများ၊ လူနေအိမ်များ ပြောင်းရွေ့နေရမှုအခြေအနေများ၊ မြစ်ကမ်းပါးနှင့် လွတ်ကင်းသည့် နေရာရှာဖွေထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး ပတ္တမြားဘုန်းတော်ကြီးကျောင်းတွင် စကားမြားကျေးရွာရှိ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ-မ-က (၂) အလုံ၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Sep 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အ-မ-က (၂) အလုံ၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် စောရန်ပိုင်တောင်ရပ်ကွက်ရှိ ကျောင်းလမ်း၊ နှင်းဆီလမ်း၊ ရာမလမ်းများသို့ ကွင်းဆင်းပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်
Sep 04,2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့်နည်းပြသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကယားပြည်နယ်အတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်…
Sep 04,2024
ကယားပြည်နယ်အတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းများမှ ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ အ.ထ.က (၂)ကျောင်းတွင် စက်တင်ဘာလအတွင်း ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6985
Page
6986
Page
6987
Page
6988
Current page
6989
Page
6990
Page
6991
Page
6992
Page
6993
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department