Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂ဝ၂၄) တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေများ…
Sep 03,2024
မွန်ပြည်နယ်အတွင်း နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ရန် မျိုးချစ်စိတ်ဓာတ်အပြည့်အဝဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်အတွက် ရဲဝံ့သည့်စိတ်ဓာတ်များဖြင့် ဝင်ရောက်လာသော နိုင်ငံ့သားကောင်းရတနာများအတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂ဝ၂၄) တက်ရောက်မည့် သင်တန်းသားများအား မွန်ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို ယနေ့နံနက်ပိုင်းက နယ်မြေခံသင်တန်းခန်းမ၌ သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေ…
Sep 03,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (နည်းပြ)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 03,2024
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်
Sep 03,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အစိုးရနည်းပညာကောလိပ်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာအုပ်စု၊ အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ)၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈:၁၅)နာရီအချိန်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်ခရိုင်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်လှစ်
Sep 03,2024
သန်လျင်ခရိုင်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၄၄၀)ကျော်တို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့
Sep 03,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ထောက်ပံ့ပေးအပ်မှုများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း (၄)ကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်(၄၄၀)ကျော်တို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄…
Sep 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)ကို စက်တင်ဘာလ (၃) ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီး ကြပ်မှုကော်မတီဉက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ မုံရွာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက (Video Conferencing) စနစ်ဖြင့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6988
Page
6989
Page
6990
Page
6991
Current page
6992
Page
6993
Page
6994
Page
6995
Page
6996
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department