အမြို့မြို့အနယ်နယ်သတင်းများ

Sep 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ကမာရွတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
Sep 04,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ရပ်မိရပ်ဖ ဦးမောင်မောင်၏ အိမ်ခြံဝန်း ယာယီမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
Sep 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကံဆိပ်ကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မဲခေါင်-လန်ချန်းစီမံကိန်း အထူးရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့မွန်းလွဲ (၂) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 04,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ခရိုင်/မြို့နယ် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
Sep 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းသို့ ယမန်နေ့နေ့လယ်(၁)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်သည်။
Sep 04,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် စာကြည့်တိုက်များ ဆောက်လုပ်လျက်ရှိရာ ယနေ့မွန်လွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ဦးဟန်သူသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်နှင့် စည်ပင်သာယာကျေးရွာတို့တွင် စာကြည့်တိုက်ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်နေမှုအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Sep 04,2024
မုံရွာစီးပွားရေးတက္ကသိုလ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် (၂)နာရီက အဆိုပါ တက္ကသိုလ်ရှိ ငွေရတုခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 04,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ပန်းထိန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။