အိမ်မဲ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ အ.ထ.က (၂)ကျောင်းတွင် စက်တင်ဘာလအတွင်း ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ (၂၃)ရက်နေ့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများ၊ ပြပွဲများနှင့် အမှတ်တရလက်ဆောင်ပေးခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ပြိုင်ပွဲများအလိုက် အမှတ်ပေးဒိုင်များ၊ အမှတ်ပေး စည်းမျဉ်းများ ရေးဆွဲနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဒေါက်တာသန်းဌေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းတို့က ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (အိမ်မဲ)တွင် ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲများ၊ ပြပွဲများ၊ စာပေဟောပြောပွဲ၊ လူငယ်စကားဝိုင်း စသည်တို့အား အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်(ပြန်/ဆက်)