Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အမရပူရမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ…
Sep 20,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ယမန်နေ့နံနက်၁၀နာရီအချိန် ကနိုင်ငံတော်အကြီးအကဲက KG + 12 တက်ရောက်နေသည့် ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ် အရွယ်ဖြစ်ပြီး KG + 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲသို့ ရောက်ရှိမည်ဖြစ်ရာ အသက်အရွယ်အရ မဲပေးရန်အကျုံးဝင်နိုင်သူများ ဖြစ်လာနိုင်၍ ၎င်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတို့နှင့်ပတ်သက်၍ သိရှိအောင်ဆောင်ရွက်ပေးရန် လမ်းညွှန်မှုအရ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာ ဟောပြောပွဲကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်တွင် နေကြာမျိုးစေ့ပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာရောင်းချပွဲ အခမ်းအနားပြုလုပ်
Sep 20,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေကြာမျိုးစေ့ပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 20,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်
Sep 20,2024
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိရပ်ကွက် (Cyclone Shelter)တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတား အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၌ ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတားအား အမြန်ပြန်လည် ပြင်ဆင်နိုင်ရေး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ပဲခူး Medical Team အဖွဲ(၄)ဖွဲ့မှ စုပေါင်းကွင်းဆင်းဆောင်ရွက်
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေ၊ မြစ်ရေများလျှံတက်၍ လူနေအိမ်မျာအတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ဖြန့်ဝေပေး
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ရုံးမှကြီးကြပ်၍ ဒေသအသီးသီးမှ ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူများက လာရောက်လှူဒါန်းသည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အဝတ်အစား၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူးများကို ယမန်နေ့နံနက်ပိုင်းက ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဖြန့်ဝေပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 19,2024
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်ကို စက်တင်ဘာ ၁၄ ရက်မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိရာ အဆိုပါပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ အားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6805
Page
6806
Page
6807
Page
6808
Current page
6809
Page
6810
Page
6811
Page
6812
Page
6813
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department