အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်(၂၀၁၄ ခုနှစ်မိုးရာသီ)တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာသုံးစိုက်ခင်း (၃၅)ဧကမှ ထင်း၊ တိုင်၊ မျောထွက်ရှိသည့် (၂ ဒသမ ၂၈ )တန်ကို အင်းကုန်း(မ)ကျေးရွာအတွင်းရှိ အိမ်ထောင်စု(၂၃၂)အား ယမန်နေ့ နံနက်ပိုင်းက အဆိုပါစိုက်ခင်းအတွင်း ပေးအပ်ခဲ့သည်။
Nov 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ယခုနှစ်ပွင့်လင်းရာသီ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းသို့ လာရောက်လေ့လာလည်ပတ်သူများ ဆင်များစီးပြီး အပန်းဖြေနိုင်သလို ဆင်စာများလည်း ကျွေးမွေးလှူဒါန်းနိုင်ကြောင်း ဆင်စခန်းတာဝန်ခံများထံမှ သိရသည်။
Nov 05,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသားများပါဝင် ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student Participation Initiative (SPI) အကောင်အထည် ဖော်ရေး လုပ်ငန်းဆွေးနွေးပွဲကို နိုဝင်ဘာလ (၂)ရက်နေ့မှ နိုဝင်ဘာလ  (၄) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က၊ ထန်းတပင်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Nov 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ကျောင်းသားများ ကျောင်းနေဘဝကို ပိုမိုနှစ်သက်ပျော်ရွှင်ပြီး ကလေးများကျောင်းနေမြဲရန်၊ ကျောင်းပြင်ပရောက်ကလေးများ ကျောင်းသို့ပြန်လည်ရောက်ရှိလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ(Students Participation Initiative–SPI) အကောင်အထည်ဖော်ဆောင်ရွက်ရေးမြို့နယ်အဆင့်ဆွေးနွေးပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပြည်ငြိမ်းအေးကျောင်းတိုက် ဓမ္မာရုံတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး အထောက်အကူပြု ကြိမ်နှင့်ဝါး လက်မှုပညာ အခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Nov 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်း၊ မော်တော်ယာဉ်ရုံးရှေ့၌ တာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြသည်။
Nov 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
Nov 05,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းမှ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။