Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရ…
Oct 29,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှု အားပေးထောက်ပံ့ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်၊ စစ်ကိုင်းတို့တွင် ပညာရေးဘွဲ့နှင့် (ပထမနှစ်)ဝိဇ္ဇာ/သိပ္ပံသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/သူများ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံမ…
Oct 29,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (B.ED)(၅)နှစ် သင်တန်းအမှတ်စဉ် (၁၂) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) တို့၏ (ပထမနှစ်) ဝိဇ္ဇာ/သိပ္ပံသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/သူများက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် လူငယ်ဖွံ့ဖြိုးရေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၊ တောင်သူ ဦးဟောင်းဇယ်၏ နို့စားနွားမွေးမြူရေးနှင့…
Oct 29,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်ဖွံ့ဖြိုးရေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်းရှိ အမှတ် (၁၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Oct 29,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အကွက်အမှတ် (၃၉၀) ၊ ၉၁(B)လမ်းနှင့် ၄၂ × ၄၃ လမ်းကြားရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် လူနေအိမ်(၁)လုံး အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့အလင်းသတင်းစာ သက်ကြီးသတင်းထောက်ပူဇော်ပွဲတွင် အသက်(၁၀၅)နှစ်ရှိ သတင်းထောက်ကြီးတစ်ဦးပါဝင်
Oct 29,2024
မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် အသက် (၇၅) နှစ်ပြည့် သက်ကြီးသတင်းထောက်ကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်နေ့ နံနက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရား သန္တိသုခဓမ္မာရုံတော်ကြီး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ ဒေသထွက် ပြောင်းဖူးရောင်းဝယ်ရေး စျေးဆိုင်များအား ကွင်းဆင်းကြည့်ရှု
Oct 29,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းများကို ယာမြေ၊ ကိုင်းမြေနှင့် ခြံမြေများတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော ပြောင်းဖူးများကို ရန်ကုန်-ပြည် ကားလမ်းတစ်လျှောက် ယာယီစျေးတန်းပြုလုပ်ကာ ရောင်းချလျက်ရှိရာ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု အားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်း သင်တန်းဖွင့်လှစ်
Oct 29,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်းသင်တန်းကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အဖွဲ့ မြို့သန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 29,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် ပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲက တောင်ကြီးမြို့ပေါ်ရှိ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6678
Page
6679
Page
6680
Page
6681
Current page
6682
Page
6683
Page
6684
Page
6685
Page
6686
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department