သင်္ဃန်းကျွန်းမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

သင်္ဃန်းကျွန်း   ဒီဇင်ဘာ  ၂

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သု၀ဏ္ဏ)ကျောင်း၊ သီရိသု၀ဏ္ဏပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမြင့်စန်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က လူငယ်စကားဝိုင်းကျင်းပပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်၀ါ၀ါ၀င်းမြိုင်နှင့် အထက်တန်းပြဆရာမ ဒေါ်စိုးသီတာဇော်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ.ထ.က(သုဝဏ္ဏ) Grade-11မှ  မောင်၀င့်ထက်ပိုင်ထူးက လူငယ်နှင့်စာရိတ္တကိုလည်းကောင်း၊ မသီရိထက်ဆွေက လူငယ်နှင့်အားကစားကိုလည်းကောင်း၊  Grade-10 မှ မအေးချမ်းပိုင်က လူငယ်နှင့်နည်းပညာကိုလည်း‌ကောင်း၊ စက်မှူ/ စိုက်ပျိုးရေး အထက်တန်းကျောင်းမှ မောင်‌နောင်ထူးလွင်က လူငယ်နှင့်ကျန်းမာရေးကိုလည်းကောင်း၊ မောင်ရန်လင်းထက်က လူငယ်နှင့်စာ‌ပေကိုလည်း‌ကောင်း၊ မောင်ထက်ဇေယျာက လူငယ်နှင့်ယဉ်ကျေးမှုကိုလည်းကောင်း အသိပညာပေးခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အ.ထ.က(သု၀ဏ္ဏ)ကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ ရသ စာအုပ်စာ‌စောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သူရိန်(ပြန်/ဆက်)