ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ကြက်ဥများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ဒဂုံတောင် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးမှူးရုံးတို့ ညှိနှိုင်းပူး‌ပေါင်း၍ Fresh Egg မှ ကြက်ဥ အလုံး (၁၀၀၀၀) ထုတ်ယူ၍ သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် နာရီ ၄၅မိနစ်တွင် ပြည်သူများလက်ဝယ်သို့ တိုက်ရိုက်ရောင်းချပေး‌ကြောင်း သိရသည်။

ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကြက်ဥတစ်လုံးလျှင် ()ကျပ်နှုန်းဖြင့်  ဒဂုံမြို့သစ် (တောင်ပိုင်း)မြိုနယ်(က)အမှတ်(၂၂)ရပ်ကွက်၊ ရတနာပုံလမ်း၊ ကွေ့မဈေးတွင် (၅၀၀၀)လုံးနှင့် (ခ)အမှတ်(၁၄၁)ရပ်ကွက်၊ အမှတ်(၂)လမ်း၊ ဗန္ဓုလအိမ်ရာ ဈေးတွင် (၅၀၀၀)လုံး ရောင်းချပေးကြောင်း သိရသည်။

ထိုသို့ ကြက်ဥများ ပြည်သူများလက်ဝယ်သို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် အားပေးကြည့်ရှုကြောင်း သတင်းရရှိသည်။

နေမျိုးအောင်(ပြန်/ဆက်)