အမြို့မြို့အနယ်နယ်သတင်းများ

Dec 04,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနက ဆုံဆို့၊ မေးခိုင်နှင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကဗျာရွတ်ပြိုင်ပွဲနှင့်  စက္ကူခေါက်နည်းကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ကြသည်။
Dec 04,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က  အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာတန်ဆောင် စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Dec 04,2024
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉:၃၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (ဂွေးဇီး)တွင် ကျင်းပခဲ့သည်။
Dec 04,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အထွေထွေဗဟုသုတဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 04,2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း အမျိုးသား‌ ဘောလုံးပွဲစဉ်များကို ယမန်နေ့ ညနေပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာအသင်းတို့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။
Dec 04,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ အဆိုပါမြို့နယ်ရှိ အ.ထ.က (၂၇)ကျောင်း၊ အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Dec 04,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့်သစ်ပင်ကြီးများပေါ်တွင် တွယ်တက်ရန်အတွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုဒီဇင်ဘာလပထမပတ်တွင် သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ အထွက်နှုန်း အနည်းငယ် ကျဆင်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။