Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်မရောမြို့ သိမ်ဖြူကုန်းကျေးရွာ ပညာဗိမာန်စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲကျင်းပ
Dec 04,2024
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသား လူငယ်များ စာအုပ်၊ စာပေများကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်စေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သိမ်ဖြူကုန်းကျေးရွာ(ပညာဗိမာန်)စာကြည့်တိုက် အဆောက်အအုံသစ် ရှေ့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင်အတွင်း စားသုံးဆီဖူလုံရေးနှင့် ငါးစားသုံးမှုဖူလုံရေး ငါးမွေးကန်များတိုးချဲ့သွားမည်
Dec 04,2024
ဒေသအတွင်း နေ့စဉ်စားသုံးလျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို စွမ်းအားပြည့် လုပ်ကိုင်ထုတ်လုပ်နိုင်ရန်နှင့် ဘားအံရိုင်အတွင်း စားသုံးဆီဖူလုံရေးနှင့် ငါးစားသုံးမှုဖူလုံးရေး၊ ငါးမွေးကန်များ တိုးချဲ့သွားမည်ဖြစ်ကြောင်း ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဘားအံခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးတိုးတက်မှု၊ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲပထမနေ့ကျင်းပ
Dec 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄−၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲပထမနေ့ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စျေးတန်း)တွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာန၌ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ သမဝါယမ မွမ်းမံသင်တန်းဖွင့်လှစ်
Dec 04,2024
ပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန (မော်လမြိုင်မြို့)က ကြီးမှူး၍ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ (၂၆)ရက် နံနက်(၉)နာရီက မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ် လူထုအခြေပြု(Community Centre)တွင် ဥာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre )တွင် ဥာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Dec 04,2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေး
Dec 04,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများစာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန် ပစ္စည်းများအား စျေးနှု…
Dec 04,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6516
Page
6517
Page
6518
Page
6519
Current page
6520
Page
6521
Page
6522
Page
6523
Page
6524
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department