တောင်တွင်းကြီး ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အထွေထွေဗဟုသုတဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးက သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာစာအုပ်ပါ အထွေထွေဗဟုသုတမေးခွန်းများကို ဝင်ရောက်ဖြေဆိုကြပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)