မြန်အောင် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်းအုပ်စုနှင့်ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယမန်နေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် (၅၀) ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂၈၆၀)ပိဿာရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်းအုပ်စုနှင့်ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့မှ အိမ်ထောင်စုဝင်များကို စားအုန်းဆီ တစ်ပိဿာ (၈၁၀၀) ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀) ကျပ်သား ရောင်းချပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးမြင့်အောင်နှင့် မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)