Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖျာပုံမြို့၌ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Dec 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပ
Dec 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပေါင်းတည်မြို့နယ်၊ မှတ်တိုင်လမ်း၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၊ လမုဝကျေးရွာတွင် ဒေသထွက်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေး ကျေးရွာဆိပ်ခံတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ လမုဝကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်စည်များ ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ဆောင်နိုင်ရေးရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၀)ဖြင့် အောင်ပိုင်နေလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်ကျေးရွာဆိပ်ခံတံတား တည်ဆောက်နေမှုအား ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ရွေးချယ်ရေး ဆန်းစစ်ချက်စာမေးပွဲ ကျင်းပ
Dec 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန်ရည်ရွယ်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အထက်တန်း ဘက်စုံလူရည်ချွန်ရွေးချယ်ရေး ဆန်းစစ်ချက်စာမေးပွဲကို ယမန်နေ့နံနက် (၉)နာရီက မြန်မာစာဘာသာရပ် ပါဝင်သော အထွေထွေဗဟုသုတဆိုင်ရာဘာသာရပ်ကို ဖြေဆိုခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်အတွင်းရှိ ဈေးများအား မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Dec 05,2024
ပြည်သူလူထူအား မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိဈေးများအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးလောင်မှုများ မပေါ်ပေါက်စေရေးနှင့် မီးလောင်မှုကြောင့်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့နယ်အတွင်း ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့် မီးဖိုများအခမဲ့ဖြန့်ဝေပေး
Dec 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးလက်နေပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုးရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန(Climate Change Centre-CCC)နှင့် ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများကို ဒီဇင်ဘာလ (၁)ရက်နေ့ မှစတင်၍ ကွန်ဟိန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Dec 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နယ်လှည့်ဖြစ်သော ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ဘိန်းအစားထိုးသီးနှံမျိုးစေ့အား ကျေးရွာအုပ်စုများသို့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုးသီးနှံမျိုးစေ့အား ကျေးရွာအုပ်စုများသို့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူး မြင့်အောင်၊ မြို့နယ်စီမံကိန်း၊ မြို့နယ်မြေစာရင်း၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်ဥပဒေအကြံပြု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6501
Page
6502
Page
6503
Page
6504
Current page
6505
Page
6506
Page
6507
Page
6508
Page
6509
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department