အမြို့မြို့အနယ်နယ်သတင်းများ

Dec 06,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
Dec 06,2024
အခြေခံပညာကျောင်းများမှ  ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူ လူရည်ချွန်မောင်မယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Dec 06,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။
Dec 06,2024
တောင်တွင်းကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး​မြို့နယ် ပြည်သူ့စာကြည်တိုက် (Community Centre) ခန်းမတွင် ယမန်နေ့ နေလညယ် ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Dec 06,2024
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 06,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူများအနေဖြင့်  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက် ရှိပြီး၊ မိသားစုဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့်နှမ်းများကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြသည်။ 
Dec 06,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်- ၃ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
Dec 06,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့၊ ပြည့်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။