အမြို့မြို့အနယ်နယ်သတင်းများ

Dec 06,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ မွန်းလွဲ(၁)နာရီက (အ.မ.က)ကဒါမင်းတန်းကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့်ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Dec 06,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၆/၂၀၂၄ ဆင်းပွဲအခမ်းအနားကို ယ​မန်နေ့နံနက် ၁၀ နာရီက ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။
Dec 06,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)နှင့် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ ၂၀၂၄ ခုနှစ် မိုးစပါးများစတင်ရိတ်သိမ်းလာကြပြီဖြစ်ပြီး ခေတ်မီစက်ယန္တယားကြီးများ ငှားရမ်း သုံးစွဲလာကြကြောင်း သိရသည်။  
Dec 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် Clean City ဖြစ်လာစေရေးအတွက် ပလတ်စတစ် Campaign ကို မြို့နယ်ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့အဝင်လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 06,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့၊ မေးခိုင်ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)နှင့် ဆုံဆို့၊ မေးခိုင်(DT) ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာ(၃)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ (၅)ရက်နေ့တွင် အခြေခံပညာကျောင်းများရှိ ကာကွယ်ဆေးထိုးစုရပ်များတွင် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးကွင်းဆင်းဌာန၊ ဆေးတက္ကသိုလ်(၂)မှ အလုပ်သင်ဆရာဝန်များနှင့် ခရိုင်/မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သွေးတိုးရောဂါနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့်ကုသပေးခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့သည်။