အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2024
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုဝင် သားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 24,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လင်းဖားကျေးရွာအနီးရှိ ချင်းတွင်းမြစ်ရေပေါ်ခြံတွင် ညင်သာစွာ စေလွှတ်ခြင်းစနစ် (Soft Release)ဖြင့် စေလွှတ်ထားသော အရွယ်ရောက် တိုက်လိပ်အထီး (၂၅)ကောင်နှင့် အမ(၂၅)ကောင် စုစုပေါင်း အကောင်(၅၀)အား ချင်းတွင်းမြစ်အတွင်းသို့ အပြီးတိုင်စေလွှတ်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်‌ လျော့ချ‌ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 24,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ အားကစားခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)နှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
Jun 24,2024
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ကာလိမြို့တွင် ယနေ့နံနက်(၈)နာရီ အချိန်က ကုန်းပေါင်းဘုန်းကြီးကျောင်းဝန်းအတွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပဆောင်ရွက်ခဲ့သည်။
Jun 24,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝဲကလိကျေးရွာနှင့် ကတုံးပေါ်ကျေးရွာတို့တွင် ဆောင်ရွက်မည့် ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းများကို ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
Jun 24,2024
ဧရာဝတီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။